Pages

Thursday, May 5, 2016

ရင်ထဲက မီးအိမ်ငယ်

ရင်ထဲက မီးအိမ်ငယ်
~~~~~~~~~~~

နှိုင်းမှီပါ့မလား
လှအားထက်ယဉ်
မြင်မြင်သူငေး
အလှသွေးကြွယ်
ပန်ချီခြယ်လို့ ရှုံးလောက်တယ်...။

နေ့ခင်းနေမင်းကွယ်
ညလယ်အမှောင်
ကိုယ်ရောင်ထင်လျက်
အလင်းဆက်သူ
ဘယ်သူယှဉ်လို့ နိုင်မလဲ..။

တစ်ယောက်ထဲပါလေ
နေ လ မကြောက်
အမှောင်ဖျောက်ကာ
လမ်းပြရှာဆဲ
မောင့်ရင်ထဲက မီးအိမ်ငယ်..။ ။


#လူလေး(အညာမြေ)


No comments:

Post a Comment