Pages

Friday, May 6, 2016

ချစ်သူအသိမှတ်ပြုခဲ့ခြင်းရဲ့ ကြည်နူးခြင်း တစ်ပိုင်းတစ်စ

ချစ်သူအသိမှတ်ပြုခဲ့ခြင်းရဲ့ ကြည်နူးခြင်း တစ်ပိုင်းတစ်စ
**********************************

ငါပျော်နေတယ် ...ချစ်သူ...
မိုးထက်ကိုသာလွန်တယ်..
ချစ်သူအသိမှတ်ပြုခဲ့ခြင်းရဲ့
ကြည်နူးခြင်း တစ်ပိုင်းတစ်စက
မိုးထက်မကသာလွန်တယ်လေ...

Aprial ခရီးရဲ့ အဆုံးသတ်ခါနီး တစ်ပတ်အလို
နောက်တစ်ရက်ကူးတော့မယ့်
၁ နာရီ ၂မိနစ်အတွင်း
ငါ့ရင်တွင်းမှာ
လှိုက်ကာလှိုက်ခါ ပျော်လို့...

တစ်မြတ်တနိုးပျိုးခဲ့တဲ့ ပန်းကလေး
အဲ့ဒီနေ့စွဲနဲ့ အပြိုင်ပွင့်ခဲ့ပေါ့...
အသင့်နေခဲ့တဲ့ နှလုံးသားရဲ့ကချေသည်က
အဲဒီညမှာ ရေကုန်ရေခန်း ကခုန်နေခဲ့တာ
ပျော်နေရှာလို့ အိပ်စက်ဖို့မေ့နေတယ်လေ...

ကြည်ပြာရောင် နေ့စွဲတွေ
ရွှေအဆင်းပြောင်းလဲသွားတယ်..
ကောင်းကင်ကို မော့ကြည့်တော့
ကြယ်ကလေးတွေ ကောင်းချီပေးနေတယ်....

ချစ်သူ ...
ငါတကယ်ပျော်နေတယ် ...
ချစ်သူအသိမှတ်ပြုခဲ့ခြင်းရဲ့
ကြည်နူးခြင်း တစ်ပိုင်းတစ်စက
မိုးထက်မကသာလွန်နေခဲ့တယ်.....

#လူ​လေး( အညာ​မြေ )


No comments:

Post a Comment