Pages

Thursday, May 5, 2016

စွဲလန်းခြင်း(၂)


စွဲလမ်းခြင်း( ၂ )
************

ကြင်နာမိဖူး ၊ ချစ်ခဲ့ဖူးသူ
သူ့ကို့ပါပဲ ၊ ရင်ထဲတွယ်ငြိ
အသိစိတ်မှန် ၊ မေ့ရန်ခက်ခဲ
မေ့လည်း( လဲ )မမေ့ရဲတော့ ခက်တယ်....

ညလယ်ညဥ့်နက် ၊ အအိပ်ဖျက်သူ
သူ့အကြောင်းတွေး ၊ ဘာကြောင့်ဝေးရ
အိပ်မရပြန် ၊ ဖန်တလဲလဲ
သံသရာထဲ အိပ်မက်ရှည်ခဲ့....

မေ့သွားသူကို ၊ ငိုယိုတမ်းတ
သတိတရ ၊ အမှတ်ရနေ
မေ့စေဖို့ ဆိုဆို...
ပျောက်စေဖို့ ပြောပြော...
သောကအပူ ၊ သူမှသူမို့
ငါ....မေ့လို့မရ ....
ဖျောက်ရမလွယ် ၊ ဘယ်လိုတားတား
ငါ့ရဲ့အပါး ၊ ငါ့အနားမှာ
သူစကားတို့ ကြားယောင်ဆဲ...။ ။

#လူ​လေး( အညာ​မြေ )


No comments:

Post a Comment