Pages

Tuesday, May 3, 2016

သွေး​နှင်းဆီ

>သွေးနှင်းဆီ<
>>>><<<<
ဘယ်သူ့ဘယ်သူ
အတူယှဉ်မလဲ
ရင်ထဲလှောင်ပိတ်
အိပ်မက်ခြေရာ
စေတနာစိတ်
ပျံ့လွင့်ဖိတ်ယို
ပိုသည်ဟု ဆိုမလား...

မုသားမခြွေ
ရင်မှာကြွေသော
အချစ်ရောစပ်
ပန်းတစ်ခက်လေ
နွေနေထိတိုင်း
ထုံထိုင်းမောလျ
သောကတစ်ဆစ်
အလွမ်းနှစ်ရှည်....

မေရေ....
ယုံပါစေလို့
မ၀ံ့မရဲ
သြော်..ရင်ထဲက
အသဲစကား
နှုတ်ဖျားခက်၍
ရှာမတွေ့အုံးတော့
နှလုံးသွေးစု
သူ့အဖို့ရည်ကာ
နှင်းဆီနီနီ ပွင့်နိုင်၏ ...။  ။

#လူလေး(အညာမြေ)


No comments:

Post a Comment