Pages

Sunday, October 18, 2015

ဆွေးမျက်​ရည်


ခဏအဝေး
အတွေးတစ်သက်
ဆွေးရက်ကုဋေ
ကြာစေသတဲ့....ခင်...

မြင်လှည့်ကြည့်ပါ
နာရီချက်တိုင်း
နေ့ရက်တိုင်းမှာ
သာယာစေမှု့
သူ့တစ်မျက်နှာ...

လာပါလာလေ
ခေါ်နေချင်ရဲ့
စိတ်နဲ့ကိုယ်ကွာ
ဒါဟာ...
အတိတ်ခြေရာပေါ့...

ကြာပြီပဲလို့
ရင်ညှို့လေတိုင်း
စေခိုင်းနှိုင်းစာ
ဖြေပြေရှာမိ
မချိသည့်ဝန်
ရာသီလွန်လည်း
ရင်အသဲမှာ
မျက်ရည်မိုးတို့ ရွာနေဆဲ...။  ။

#လူလေး( အညာမြေ )


No comments:

Post a Comment