ပန်ဆင်ပါတော့ခင်
°°°°°°°°°°°°°°°°°°°°°°°°
ခင့်အတွက်ဆိုလျှင်
နေလျှင်မခ
လေမရှသည်
ရင်ခွင်ဆီမှ
ပြင်းရှယိုဖိတ်
သည်ချစ်စိတ်ဖြင့်
သခင့်ကျွန်လို...။
ကိုယ်တိုင်စိုက်ပျိုး
မြတ်နိုးသော်ငြား
အသွင်အားသစ်
ပန်းဖြစ်ခဲ့ရင်
ကိုယ်လျှင်ခူးကာ
သူ့ကေသာထက်
ရနံ့ပျံသက်
ဂုဏ်တတ်စေရည်...။
ရင်လွှာငုံဖူး
သည်းဦးမေတ္တာ
ခင်ပန်ပါစေ
ပန်းဝေဖြစ်ခဲ့...
ချစ်သူ....ပန်ဆင်ပါလေတော့.....။ ။
#လူလေး (အညာမြေ )
No comments:
Post a Comment