Pages

Thursday, September 24, 2015

ဖွင့်​ဟခြင်း( ၃ )



ဖွင့်​ဟခြင်း ( ၃ )
***********

စိမ်းစိုမြသက် ၊ သစ်တစ်ခက်ကို
ကြင်လိုမြတ်နိုး ၊ မျှော်လင့်ကိုးစား
ဘဝများစွာခြားသည့်တိုင်...။

သည်တစ်ခက် ၊ သည်တစ်သက်စာပါ
ယုံကြည်စွဲလမ်း ၊ အမြဲလန်းစေ
ဝေစေချင်မိ ၊ အသိအတိုင်း
လိုတိုင်းမဖြစ် ၊ ရင်မှာနစ်လို့...။

စို့နင့်နင့်ကြေ ၊ ဝေမြဲဝေပါ
မကြွေပါနှင့် ၊ဖွင့်ဟတောင်းခံ
အဖန်တလဲလဲ ၊ သံသရာထဲ
ကြမ္မာနည်းတယ်လို့မဆိုသာ...။

လာပါလာလေ.......
နွေ..လေအဝေ့ ၊ သည်အကွေ့မှာ
လွင့်ပါကွယ်ပျောက် ၊ ခြေရာဖျောက်လေမလား..?
ရော်ရွှက်တို့လို ၊ လေအလိုကျ
ကြွေလို့ကျမှာစိုးမိတယ်....။

တကယ်က...
စိတ္တဇဖြစ် ၊ ( ငါ့ )အချစ်တို့သည်
ရာသီဘာသာ ၊ အထာမကျေ
နွေမှာရွှက်ဝါ ၊ ကြွေမှာသိငြား
စိတ်အားမရွှင် ၊ ငိုချင်ဝမ်းနည်း
အဖြစ်သည်းသူ တစ်ယောက်လေ......။ ။


#လူလေး(အညာမြေ)


No comments:

Post a Comment