သင် နှင့် နံနက်ခင်းသာ ဝင်ခွင့်ပြုသည်
**********************
တစ်စုံတစ်ရာ
မျှော်လင့်ကာဖြင့်
ရော်ရင့်ခဲ့ နှလုံးသား
ဒဏ်ရာနှင့်ကြွေ
ခြွေသူမရှိလည်း…။
နေ့စွဲများစွာ
အိပ်မက်ရာထောင်
အမှောင်အရိပ်
အတိတ်တို့အား
ခင့် နှုတ်ဖျားဖြင့်
စည်းချ ကန့်သတ်
အခြားတစ်ဖက်မှာပဲ ရှိပါစေ…။
ယုံပါလေ…
ဘဝတွေသစ်
နှစ်ကိုယ်ချစ်လျှင်
ဒီရင်ခွင်ထက်
နံနက်ခင်းနှင့်
ခင့် ကိုသာလျှင်
ဝင်လာနေခွင့် ပြုပါမည်…။ ။
#လူလေး(အညာမြေ )
3:27 PM, Oct 28, 2014
Posted via Blogaway
No comments:
Post a Comment