Pages

Sunday, September 13, 2015

သံသရာအဆက်ဆက်

သံသရာအဆက်ဆက်
´´´´´´´´´´´´
နှောင်တွယ်မိသည်မှ
ထာဝရဖြစ်
နှစ်နှစ်ကာကာ
အကြင်နာတိုး
မြတ်နိုးရင်းခံ
ချစ်မိပြန်တယ်
အဖယ်ခက်သော သံယောဇဉ်ကြောင့်...။


မြင်စမ်းစေချင်ရဲ့
အရိပ်ဖွဲ့လာ
ရင်တွင်းမှာစု
သူ့စကားများ
ကြားယောင်နေတတ်
မျှော်နေတတ်တာ
သူသာသိလျှင် ကောင်းမှာပဲလေ...။

အသဲတစ်နေရာ
မြင်သာအောင်လှစ်
ဖြစ်ဖြစ်သမျှ
ချစ်ရပါ၍
ဖူးတွေ့ခွင့်ပန်
အဖန်ထပ်ထပ် တရံမလပ် ဆုခြွေထား
သံသရာအဆက်ဆက် ချစ်ပါရစေသား...။ ။


လူလေး(အညာမြေ)

No comments:

Post a Comment