Pages

Saturday, September 12, 2015

မည်ကာမတ္တညည်းချင်း

မည်ကာမတ္တညည်းချင်း
*************



သတိရခြင်းရဲ့စိတ်
တွယ်တာမှုအရိပ်မှာစခဲ့…

အိပ်မက်ဖြစ်တဲ့အကြောင်းက
စွဲလမ်းမိတာကို
သက်သေထူခြင်းတစ်မျိုး…

ဘယ်အချိန်ထိ
ငါတို့မြတ်နိုးကြမလဲ…?

ဘယ်အခိုက်အတန့်မှာ
လမ်းခွဲရမှာလဲ…?

သိခြင်း နှင့် မသိခြင်းတို့ကြား
ပျော်တစ်ဝက် 
ရွှင်တစ်ဝက်
ငိုတစ်လှည့် 
ရှိုက်တစ်ခါ…

လောကဓံတရားဆိုတာ
ငါတို့ရဲ့ ဖိနပ်တစ်ရံဖြစ်စေချင်တယ်…

တစ်ခါတစ်လေ
ပုံမှန်စိမ့်ကနေ 
ကော်ဖီပြောင်းသောက်ချင်လာတယ်
မင်းကို လွမ်းလို့…

နင်မရှိတဲ့အခိုက်အတန့်မှာ
စိတ်မပျော်တဲ့ ခံစားမှုက
ရသ တစ်ခုဖြစ်လို့…

ပေါ့ပျက်ပျက် စာတစ်ကြောင်းကို
မရမက တန်ဆာဆင်ရင်း
လွမ်းချင်းတစ်ပုဒ်ဖြစ်လာတယ်
မင်း ဖတ်ဖြစ်ရင် ငိုချင် ငိုမှာ…

အနီးဆုံးဖြစ်ဖို့
ဝေးကွာနေရခြင်းကို
နေရာပေးစဉ်းစားတာပဲ
လိုရင်းကိုပြန်မရောက်နိုင်ဘူး
ဝေးတာက ဝေးမြဲ…

သူနဲ့ပတ်သတ်ပြီး
အလွမ်းတစ်ချို့စာစီမိတယ်
စာစီတိုင်း လွမ်းရတာက
တကယ့်ပြဿနာ 
ခက်တာက 
မလွမ်းရ မနေနိုင်တာ…

မဆွေးနဲ့ကောင်မလေး
ငါအဆွေးကို အတုခိုးပြီးတော့
မင်း ဆွေးပြတာ 
ငါစိတ်ကူးယဉ်သလောက် မခါးသေးဘူး…

ရောဂါပဲ…
နေ့စွဲ တိုင်းက
သတိရ ခြင်းနဲ့ မကင်းချင်ဘူး
တော်တန်လူဆို သေလောက်တယ်
တစ်ကယ်
ငါမို့လို့ လွမ်းနာကျရုံလေး…



#လူလေး(အညာမြေ)
10:25 AM, Oct 31 , 2014






No comments:

Post a Comment