Pages

Saturday, September 12, 2015

သူ

   သူ....
~~~~~~
မြတ်နိုးမိပါသည်
ဒီလူရင်အား
ငြို့ထာနိုင်ယူ
အဖြူသက်သက်
ခင်နေလျှက်မှ
အလွမ်းရက်စ ဖြစ်စေ...။

သိလောက်ပါစေတွေး
ရေးမိသည့်စာ
လူများစွာထဲ
သူ့အားခွဲ၍
ကြင်နာငွေ့ဝေ
အချစ်ခြွေခဲ့
နွေရဲ့သဏ္ဍာန်
အပူဖန်ဆင်း
ချစ်ခြင်းနိမိတ် စခဲ့တယ်…။

တစ်ကယ်ဆို…
အချစ်ကိုတွယ်ကာ
သာယာချင်ပါရဲ့
ဆန္ဒနဲ့စိတ်
အိပ်မက်ရရုံ
ဆုံဖို့ခဲခက်
ဝေးရက်နှစ်ကြာ
ရင်မှာလှိုက်တုန် မဆုံခဲ့လျှင်…။


ကာရန်မပြေ
နဘေမစပ်
ရင်ဘက်ကိုရင်း
ရင်တွင်းစစ်ပါ
မာယာနှောခြင်း မရှိခဲ့...။

အရိပ်ဖွဲ့ရောင်ခြယ်
တွယ်ငင်နှောင်တိုး
သည်တစ်ကြိုးကြောင့်
စိုးနှောင့်ဗျာပွေ
ဝေဒနာဖြစ်
ရစ်ကာထွေးပတ် 
အရုန်းခက်ခဲ့ရမှ...။

ဆန္ဒတို့ဖြစ်တည်
ရင်ကိုမှီ၍
အတွေ့မရှိ
အသိရိပ်ထင်
မမြင်သာလဲ
ရင်ထဲမင်းမူ
သူဆိုသော တစ်ယောက်....။


#လူလေး(အညာမြေ)

No comments:

Post a Comment