ပန်းချစ်သူ ....
ကမ်းလင့်ချူသူလား
အပင်ပျိုးရုံနဲ့ ပန်းကို ချစ်သူမဟုတ် ...။
တမြတ်တနိုးပေါင်းသင်
အပင်ရှင်လေသမျှ
အပင်မြင်နေသမျှ
မပွင့်လဲ လှ
ပွင့်လဲ လှထင်
အသင်သာ ဥယျာဉ်မှူးဆို
ပန်းတို့ မြတ်နိုးလိမ့်...။
မခြွေပါပဲ
ရင်ထဲမှာပျိုး
မြတ်နိုးတတ်မှ
အလှပန်းတွေ
အမြဲဝေတတ်
ဝေနေလျက်ပေါ့
တစ်သက် သင်မသေသရွှေ့ ...။
ပျိုးသည့်ပန်းငယ်
မလည်ဝယ်ငြား
ချူသူအပါး ပါချင်ပါလိမ့်
ရင်တထိတ်ထိတ်ဖို
ကြင်နာလိုသူအစစ်
အကြင်ထိုသူ အချစ်
ပန်းအဖြစ်မှာတည်နေမလား
ဆိုစကား ဆုခြွေ....။
မမင်သူခြွေချ
ကြွေအကျ မြေခနေမှ
ရင်မှကြည်ဖြူ ငြူစူခြင်းကင်း
ထိုချစ်ခြင်းဖြင့်
ခြေနင်းရာထင်နေ
ထိုအကြွေပန်းသာ
ကောက်ခါယူငင်
အစဉ်သိမ်းထားတတ်သူ
ထို့သူသည်သာ
ပန်းချစ်သူပေါ့..။ ။
#လူလေး(အညာမြေ)
No comments:
Post a Comment