Pages

Sunday, September 20, 2015

အလွမ်းပင်

အလွမ်းပင်
°°°°°°°°°°°°°
တစ်နေ့တစ်နေ့ ၊ ကူးရွေ့ ဖြတ်ကျော်
မျှော်မျှော်နေမိ ၊ သူမသိတော့
ညှိုးလျော့စိတ်နွမ်း ၊ ရင်ဝယ်ပန်းလျ
စီးကျနှစ်သွယ် ၊ စမ်းငယ်မြေခ
မျက်ဝန်းမှသည် ။

ကြွေမြေအကျ ၊ မျက်ရည်ခရာ
ပွင့်လာဝေနု ၊ လွမ်းသူ့ကဗျာ
ဝေဆာလန်းစွင့် ၊ အလွမ်းပွင့်သီ
နာရီရွှေ့လေ ၊ ပန်းပွင့်လေပဲ
ရင်ထဲစုလျက် ၊ မျှော်နေတတ်ရ
အလွမ်းညရှည် ။

ခဏခေတ္တ ၊ ဝေးကြရတယ်
တကယ်တသက် ၊ ဝေးရက်ရှည်လျှင်
အလွမ်းပင်ကြောင့် ၊ သေရလောက်ထင့်
မချင့်မရဲ ၊ အတွေးထဲပင်
မဝေးချင်၍ ။ ။

#လူလေး(အညာမြေ)


No comments:

Post a Comment