အဖြည့်ခံစီးချင်း
ပြုံးပျော်ဖို့
စိတ်ကူးထားတယ်ဆို
အခုကစ ပြုံးနိုင်ခွင့်ရှိပါ၏…
နှောင်ချည်လို့ မထားရက်ပါ ခင်
နှင်လိုရာ လမ်း
လှမ်းလိုကလှမ်းပါတော့…
စိတ်လိုလက်ရ
ငါ့အဘိဓာန်ကို ပြင်ဖို့စဉ်းစားထားတယ်
မင်း ပျော်မယ်ဆိုရင်…
ဘဝမှာ တိမ်ညိုခဲ့တာ ကြာပြီ
နေဝင်ခါနီး အခိုက်အတန့်ကို
ဆည်းဆာလို့ မသတ်မှတ်ချင်ဘူး
ငါ့ ဘဝနဲ့ အရမ်းဆင်လို့…
သိထားရဲ့လားလေ
တိမ်တွေငိုမှ မိုးဘဝစတဲ့အကြောင်း
နွေမှန်းသိအောင်
သစ်ရွက်ကြွေကျရတဲ့ အခါ
တစ်ခမ်းတစ်နားဖြစ်စေဖို့
တနင့်တပိုး ခံစားရတာလဲ
ရှိပါစေ…
အပြောင်းအလဲဖြစ်အောင်
အခု…ငါ ငိုပေးမယ်…
မင်း ပျော်နိုင်မှာလား…?
#လူလေး(အညာမြေ)
10:11 PM , Oct 31, 2014
No comments:
Post a Comment