သူ့အား...
မုသားတို့ဖြင့် မချည်နှောင်ခဲ့ပါ...။
မာယာကင်းသောစိတ်
ကြင်နာခြင်း အရိပ်တို့ဖြင့်
ကမ်းလင့်မိသည်
ရည်စူးတစ်သက်
မခွဲသောလက်တို့ ဆုပ်ကိုင်
နှင်းဆီတွေ အခိုင်လိုက်ပွင့်ခဲ့ပေါ့...။
ချစ်သူ့ဖဝါးမှာ
ဝပ်တွားခစားပါရစေသားလို့
မော်ဖူးခွင့်တောင်ခံမိသည်လဲ
ရင်ထဲကလာခြင်းအစစ်
ပစ်ခွာလိုစိတ်ကင်းပါရဲ့
ယုံပါလှည့် ချစ်သူ...။
ဟန်မဆောင် အရောင်မပြောင်းပါပဲ
အမြဲကြင် ကြင်နာပို
မြင်သာလို ဟစ်ကြွေး
ငါ့နံဘေး ငါ့အပါး
နှလုံးသား အရိပ်ထင်
ခင် မြင်နူိင်မလား...။
အကြောင်းတရားများစွာမှ
အကျိုးတရားဖြစ်တည်၏....
စွဲလမ်းမိသည်က
ရင်မှတိတ်တခိုး
မြတ်းနိုးစွာဖြစ်
ရင်အနှစ်ပေါ့
တစ်ကယ်တော့...
ဟိုးကတည်းက ချစ်ခဲ့သည်...။ ။
#လူလေး(အညာမြေ)
Posted via Blogaway
No comments:
Post a Comment