နေ့စွဲတစ်ခုမှာ
စိတ်ကူးဖူးသည့် အိပ်မက်အတိုင်း
နှစ်ကိုယ်ရည်တူ
ရွှင်ကြည်ဖြူကာ
အတူသာယာရှိဖူးခဲ့ပြီ...
အနီရောင်ဆေးခြယ်ထားတဲ့
သူ့ဆံစတွေကိုလဲ
တမတ်စိုက်စိုက်
နမ်းရှိုက်မိခဲ့ဖူးပြီ....
ဝါရွှေရောင်သမ်းနေတဲ့
သူ့ပါးပြင်ညက်ညက်ကိုလဲ
ယုယညင်သာ
ကြင်နာအကြည့်ဖြင့်
တို့ထိမိလိုက်ခဲ့ပြီ...
အစူးရှနိုင်ဆုံး
သူ့အပြုံး သူအကြည့်တွေကိုလဲ
ရင်ထဲ သို့ငြိ
အရှိအတိုင်း
သိမ်းထားနိုင်ခဲ့ပြီ...
ခက်သည်က...
အတူရှိခိုက် ၊ နမ်းရှိုက်ထိခတ်
အပြုံးဖက်စဉ် ၊ ပျော်ရွှင်နေမှ
ခဏဖြစ်သော အချိန်ရာသီ
ကြာရှည်တည်အောက် မတားနိုင်....။ ။
#လူလေး(အညာမြေ)17-6-2014/6:39 Pm
Like
ReplyDelete