Pages

Monday, September 14, 2015

ချစ်​သူ့ထံပါး

ချစ်သူထံပါး ..
စကားများစွာ ၊ သာယာညောညက်
အချိုသက်ဝင် ၊ ရင်မှစီသော
တင်းနှောကဗျာ ၊ ကာရန်ညီရာ
ရှာ ရှာဖွေမော ၊ သောကထူရ
ည ညများစွာ......

လာပါလာလေ
ခေါ်နေသံတိုး ၊ မိုးစက်မိုးရေ
မေ့ချေပြီပေါ့ ၊ နွေ ဆိုတော့လေ...

လေပြေရေ...
သွေးဆောင်နှင်းလော့ ၊ ခေါင်းမော့ပျော်ရွှင်
ရင်ခွင်အေးသက် ၊ အိပ်စက်ခက်ခဲ့
ညရဲ့အလယ် ၊ ကူကယ်ဖြေးမ
တစ်ခဏဖြစ်ဖြစ် ၊ အိပ်ငွေ့ချပေးပါလား...

နွေညကြားထဲ ၊ ငါအားခဲပြုံးချင်တယ်
အလွမ်းများရယ်...
ဝေးလျက်ဝေးရာ နေသာပါစေ..
လေပြေတစ်ချက်ခတ်ရုံဖြင့်......



လူလေး(အညာမြေ)


No comments:

Post a Comment