Pages

Monday, September 14, 2015

ဖွင့်​ဟခြင်း

မမြင်ကွယ်ရာ ဆိုတဲ့ အတွေးတစ်ချက်က
ငါ့ရင်ကိုဗြောင်းဆန်စေတယ် ဆိုတာ သူသိနိုင်မလား..?
နှုတ်ခမ်းက မထွက်တဲ့စကားတွေ..
ရင်မှာလှောင်ပိတ်ထားခဲ့လဲ..ထုနဲ့ဒေး 
ကြာလာလေလေ ပူလေလေဖြစ်မယ့် မီးကို
တမင်တကာ ရှောင်ကွင်းထားခဲ့ပါရဲ့....
အဝေးမှာနေတဲ့ သူ့ကို စိတ်မချခြင်းတွေကိုလဲ
အဖြစ်သည်းတယ်ပြောချင်ပြောပါစေ...
အချစ်တွေ ဆုံးရှုံးရခြင်းထက်တော့
အဲ့ အပြောတွေ ချိုမှာပါ...
သူဘာတွေ လုပ်နေမလဲ..?
သူ ဘယ်သူနဲ့ ရှိနေမလဲ..?
ငါ့ အပြင် ဘယ်သူတွေနဲ့...????
😭😭😭😭
အတွေးတွေနဲ့ ငိုနေရက်လဲ များခဲ့ပြီ....
မဝေးချင်လို့ပါ.....
အခါခါ အခေါက်ခေါက် ဘယ်လောက်ထိချစ်လဲမေးမိသမျှ
မေးလိုက်တဲ့ အခါတိုင်း ရင်တုန်ရတဲ့အဖြစ်..
ငါ့အချစ်တွေ စစ်လို့ဆိုတာ သူသိရင်ကောင်းမယ်..
သဝန်တိုတတ်ရခြင်းက ..သူ့ကို ချစ်လို့ပါ..
ချစ်လို့ သဝန်တိုတတ်တာကို ..
ထောင့်မကျိုး နှုတ်မချိုသူလို့ မြင်မလား..?
ခံနိုင်အားမဲ့စေအောင် သူ့အပြုံးတွေကွယ်လေမလား..?
အဲဒီအကြောင်းတရားတစ်ခုအတွက်..
ရင်ထဲ တဆက်ဆက်နာကျင်နေပါစေ...
သူမမြင်ရာ ကျိတ်ငိုတတ်ခဲ့ပြန်တယ်...
မဖြေသာလဲ ရင်ကွဲရရုံပေါ့....
သန်းခေါင်ထက် ညဥ့်နက်အုံးမယ်မထင်...
အကြင်နာတွေ့ပွေ့ပိုက်ပြီး
ဘဝခရီးမှာ သူနဲ့အတူလျှောက်ခွင့်ရှိလေမလား..?
သူ့ နှုတ်ဖျားတို့ ဖွင့်ဟ ခဲ့ရင်..
ငါ့မေးခွန်းတွေအတွက် ရလဒ်က ဘာလဲ..? သိချင်နေသေးရဲ့.....

လူလေး(အညာမြေ)


No comments:

Post a Comment